ဟနွိုင်း  နိုဝင်ဘာ  ၂၅

ပညာရေးအရည်အသွေးကို ခေတ်မီတိုးတက်စေရန်အတွက် ဗီယက်နမ်အစိုးရသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ဗီယက်နမ်ဒေါင်ငွေ ၅၈၀ ထရီလီယံကျော်(အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့်) ခွဲဝေပေးရန် နိုဝင်ဘာ ၂၅ ရက်တွင် အဆိုပြုခဲ့ကြောင်း ဒေသတွင်း နေ့စဉ်အီလက် ထရောနစ် သတင်းစာတစ်စောင်ဖြစ်သော ဒန်ထရီက ဖော်ပြခဲ့သည်။

အဆိုပါအစီအစဉ်သည် အမျိုးသားပညာရေးစနစ်ကိုစံပြု၍ ပြုပြင်မွမ်းမံရန်၊ သင်ယူမှုအခွင့်အလမ်းများ တိုးချဲ့ရန်နှင့် ပညာရေးတွင် တရားမျှတမှုရှိစေရန် ရည်ရွယ်သည်။

အဆိုပါအစီအစဉ်သည် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ ချို့တဲ့သောဒေသများကို ပံ့ပိုးပေးခြင်းနှင့် ဝေးလံသောဒေသများရှိ ကျောင်းသားများအတွက် ဘော်ဒါဆောင်များ ဆောက်လုပ် ခြင်းအပါအဝင် အဓိကရည်မှန်းချက်ပန်းတိုင်များကို ၂၀၃၀  မတိုင်မီ  အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းချက်ထားထားသည်။

အစိုးရသည် တက္ကသိုလ် ရှစ်ခုကို အာရှထိပ်တန်း ၂၀၀ စာရင်းတွင်ပါဝင်ရန် အထူးသဖြင့် တက္ကသိုလ် ရှစ်ခု၌ အနည်းဆုံးတစ်ခုကို အာရှထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ရည်မှန်းထားသည်။                                             

ဆင်ဟွာ