ကြို့ပင်ကောက် ၃၀    ဧပြီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်နှင့် ဆေးဝါးလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးကိုကိုကျော်က အစားအသောက်များတွင် ဆိုးဆေးများသုံးစွဲမှုနှင့် ဘေးထွက်ဆိုးကျိုးများ၊ သုံးစွဲခွင့်မပြုသော ဆိုးဆေးများကိုသုံးစွဲပါက ရရှိမည့်ပြစ်ဒဏ်များ၊ မြို့နယ်ဆရာဝန်ကြီး၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးဝါးများရောင်ချနေမှုနှင့် ရေသန့်လုပ်ငန်းများ၊ စားသောက်ဆိုင်များတွင်လည်း အစားအသောက်များကို စနစ်တကျချက်ပြုတ်ရောင်းချနိုင်စေရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစားအသောက်ဆေးဝါးတွေနဲ့ပတ်သက်ပြီး အသိပညာပေးခြင်းအားဖြင့် ၎င်းတို့ အုပ်ချုပ်နေရတဲ့ကျေးရွာတွေက ဒေသခံတွေကို ဆက်လက်ပြီး အသိပညာပေးလို့ရအောင် ရည်ရွယ်၍ ယနေ့ ဟောပြောပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မွန်းလွဲပိုင်းတွင်လည်း မြို့နယ်အတွင်းရှိကျန်းမာရေး ဝန်ထမ်းများနှင့် ဆွေးနွေးပွဲကိုလည်းဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

mdn