ဇန်နဝါရီ ၁၇
အစ္စရေးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၁၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၁၇၈၅၅၅၁ ဦးအထိရှိလာသည်။
ထိုရောဂါကူးစက်မှုကြောင့် ၁၆ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၈၃၁၉ ဦး ရှိသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ၏ပြောကြားချက်အရ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ ကိုဗစ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ လက်ရှိကူးဆက်ခံရဆဲလူနာ ၂၅၉၂၀၄ ဦးအထိ လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


