အောင်လံ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် ကြေညာမည့် မဲစာရင်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ထွန်းနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော စိစစ်ရေးအဖွဲ့ ၁၀ ဖွဲ့တို့မှ ပြန်လည်စိစစ်စစ်ဆေးခြင်းကို နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


