အောက်တိုဘာလ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကွပ်ကဲမှုအောက်ရှိ အောင်လံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်ရေ/သုံးရေများ ဖူလုံစွာ ရရှိစေရန်အတွက် ရေသန့်စင်စနစ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ဘို့လည် (မြစ်နား) ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည်   ဘို့လည် (မြစ်နား)ကျေးရွာတွင် ကျေးလက် နေပြည်သူများ သန့်ရှင်းသော သောက်ရေသုံးရေများဖူလုံစွာရရှိစေရန်အတွက် ရေသန့်စင်စနစ်နှင့် လီတာ (၁၀၀၀)ဆံ့ စတီးရေစဉ် တပ်ဆင်ခြင်းလုပ်ငန်း  ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်စစ်ဆေးပြီး ‌‌ခရိုင်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီးကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ပေးခဲ့သည်။

 ဘို့လည်(မြစ်နား) ကျေးရွာ၌  အဆိုပါ ကျေးလက်ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ကို  ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ် (၂ ဒသမ ၆) သန်းကို အကုန်ကျခံကာ ခရိုင်/မြို့နယ် ဦးစီးဌာနမှ  အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု/အနီးကပ်ကြီးကြပ်မှုဖြင့် ယခုနှစ် စက်တင်ဘာလ တတိယပတ်မှ စတင်အကောင်အထည် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၈၀ % ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက အဆိုပါကျေးရွာရှိ  ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော  သောက်သုံးရေများ ဖူလုံစွာရရှိ‌မည် ဖြစ်ကြောင်း သိရသည်။

စိန်လွင် (ကျေးလက်)