အောင်လံ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က အောင်လံမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများ၏ သား သမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေးနှင့် ငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အောင်လံမြို့ မီးခံအုတ်စက်ရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် အောင်လံမြို့ လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်ညိုက အမှာစကား ပြောကြားပြီး ပညာသင်စရိတ် ထောက်ပံ့ကြေးနှင့် ငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ကျပ်သန်းပေါင်း ၉၂ ဒသမ ၂၄၃ သန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


