အောင်လံ  ၈  မေ


အောင်လံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ(သံဃာဆောင်) တွင် ကျင်းပခဲ့သည်။

 

1


အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူမှ ပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ဖတ်ကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးလွင်က ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီ၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပြောကြား၍   မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး  ဦးကျော်နိုင်မှ မြို့နယ်ကြက်ခြေနီအသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 


ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့တို့က ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ဗွေကျေးရွာနှင့် ကန်နှစ်ဆင့်ကျေးရွာများသို့ သွားရောက်၍ သောက်ရေသန့်နှင့် သုံးရေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)