တီဟီရန်    ဇွန်   ၂၆

အီရန်နိုင်ငံ အရှေ့ပိုင်းရှိ လေဆိပ်များကို    ပြည်တွင်းနှင့်  ပြည်ပ လေကြောင်းလိုင်းများအတွက် ပြန်လည်ဖွင့်လှစ်ကြောင်း ဇွန် ၂၅  ရက်   နှောင်းပိုင်းတွင်   ကြေညာခဲ့သည်။

နိုင်ငံ၏   လက်ရှိအခြေအနေအရ   အီရန်မြို့ပြ  လေကြောင်းအဖွဲ့အစည်း၏   ခွင့်ပြုချက်ဖြင့် လုံခြုံရေးနှင့် ဘေးကင်းရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ပြီးနောက်  အထက်ပါဆုံးဖြတ်ချက်ချ ခဲ့ခြင်းဖြစ်ကြောင်း   လမ်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဝဘ်ဆိုက်ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။   ထိုသို့ နိုင်ငံအရှေ့ပိုင်းရှိ လေဆိပ်ပြန်ဖွင့်ပေးခြင်းသည် ပဋိပက္ခဖြစ်ပွားမှုများ မတိုင်မီကာလက  အခြေအနေသို့     တဖြည်းဖြည်းချင်း ပြန်ရောက်အောင်  ရည်ရွယ်ထားသည်ဟု  ဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ မက်ဂျစ်အက်ခ်ဟာဗန်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံ အရှေ့ပိုင်းရှိ လေဆိပ်များသို့သာ  လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချပြောဆိုခဲ့သည်။       

ဆင်ဟွာ