နယူးဒေလီ ဇူလိုင်  ၁၅

အိန္ဒိယ     အီးဗွီကားဈေးကွက်ထဲသို့   တရားဝင် ဝင်ရောက်နိုင်ရန် အမေရိကန်ကားထုတ်လုပ်ရေးနှင့် သန့်ရှင်းသောစွမ်းအင် ကုမ္ပဏီဖြစ်သည့် တက်စ်လာသည် ၎င်း၏ပထမဆုံး ကားအရောင်းပြခန်းကို ဇူလိုင် ၁၅ ရက်တွင် အိန္ဒိယ၌ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏   စီးပွားရေးမြို့တော်မွမ်ဘိုင်းရှိ မိတ်ကာ မက်စီးတီး ဈေးဝယ်ကုန်တိုက်တွင် ဖွင့်လှစ် ထားသောအဆိုပါအရောင်းပြခန်းကို မဟာရက်ရှ်တရာ ဝန်ကြီးချုပ် ဒီဗန်တရာဖက်နာဗီးစ်   တက်ရောက်ခဲ့သည်။

ယခုအချိန်တွင် တက်စ်လာသည် အိန္ဒိယတွင် ၎င်း၏ Model Y SUV များကိုသာ   ရောင်းချမည် ဖြစ်ပြီး ရောင်းအားတိုးလာသည်နှင့်အမျှ အခြားသော မော်ဒယ်များကို  တိုးချဲ့ရောင်းချသွားရန်  စီစဉ်ထားသည်။

တက်စ်လာသည် တာတာမော်တော်ကားကုမ္ပဏီနှင့်   မဟင်ဒရာမော်တော်ကားကုမ္ပဏီကဲ့သို့သော ပြည်တွင်း အီးဗွီကားထုတ်လုပ်သူများထက်  ဘီအမ်ဒဗလျူနှင့်  မာစီးဒီးဘင့်ဇ်ကဲ့သို့   ဂျာမန်ဇိမ်ခံ ကား ထုတ်လုပ်သည့်   ကုမ္ပဏီများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။                                     

ဆင်ဟွာ