ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိစာသင်ကျောင်းပေါင်း ၂၀ ကျော်တွင် ယနေ့မနက်ပိုင်းက အီးမေးလ်များမှတစ်ဆင့် ဗုံးခြိမ်းခြောက်မှုများလက်ခံရရှိခဲ့သည်ဟု သိရသည်။

ဗုံးခြိမ်းခြောက်စာများရရှိသည့်စာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး ကျောင်းအဆောက်အအုံအတွင်း ဗုံးများ သို့မဟုတ် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများရှိ၊ မရှိ ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါစာသင်ကျောင်းများအတွင်း ဗုံး သို့မဟုတ် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ တွေ့ရှိခြင်းမရှိကြောင်း နောက်ဆုံးသတင်းဖော်ပြချက်များအရ သိရသည်။

ထိုခြိမ်းခြောက်မှုအီးမေးလ်များသည် လုံခြုံရေးအေဂျင်စီများအကြားတွင် အထိတ်တလန့်ဖြစ်စေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို