နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနားပြည်နယ်၌ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါနျူကလီးယား ဓာတ်အားပေးစက်ရုံသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်သည်။
ယင်းဓာတ်အားပေးစက်ရုံကို မြို့တော်နယူးဒေလီ၏မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ ဖာတီဟာဘတ်ခရိုင် ဂိုရတ်ရှ်ပါမြို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ နျူကလီးယား စွမ်းရည်ကို ပိုမိုမြှင့်တင်နိုင်ရန်ဖြစ်ကြောင်း အိန္ဒိယပြည်ထောင်စု ဝန်ကြီး ဂျီတန်ဒရာဆင်းကပြောကြားသည်။
နျူကလီးယားစက်ရုံတွင် နျူကလီး ယားဓာတ်ပေါင်းဖို ၁၀ လုံး တပ်ဆင်သွားရန် အိန္ဒိယအစိုးရက ခွင့်ပြုထားကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်


