အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၅၅ဦးရှိလာ

နယူးဒေလီ ဩဂုတ် ၁၅

လွန်ခဲ့သော နှစ်ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူဦးရေမှာ ယခုအခါတွင် ၅၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အရာရှိများက သြဂုတ် ၁၅ ရက်၌ ပြောကြားလိုက်သည်။ သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက် နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆူခါဗင်ဒါ ဆင်းဂ်ဆုခူးက ပြောကြားလိုက်သည်။

ဇွန် ၂၄ ရက်မုတ်သုံရာသီစတင်ဝင်ရောက်ချိန် မှစကာ ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်သည် မိုး သည်းထန် စွာရွာသွန်းခြင်းကို ကြုံတွေ့ခံစားခဲ့ရ သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုခြင်း၊ ရုတ်တရက် မိုးသက်မုန်တိုင်းကျရောက် ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ အိမ်ပြိုခြင်း၊ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပွားခြင်းစသည့် ဘာဝဘေးအန္တရာယ်များ ကြုံတွေ့ ခဲ့သည်။

ဩဂုတ် ၁၄ ရက်က နွေရာသီတောင်ကုန်း(Summer Hillရှိဘုရားကျောင်းတစ်ကျောင်းသည် မြေပြိုခြင်း ကို ကြုံတွေ့ခဲ့ရပြီး ဘုရားကျောင်း အတွင်း လူ ၃၀ မှ ၃၅ ဦးအထိ ပိတ်မိနေခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်  တုံ့ပြန်ရေးအဖွဲ့က အရာရှိတစ်ဦးဖြစ်သူ နာဖီးလ်ခန်က ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် အတွင်း သေဆုံးသူ ၁၁ ဦးကို တူးဖော်တွေ့ရှိခဲ့သည်။ ပြည်နယ်အတွင်း ဇွန် ၂၄ မှစကာ ဩဂုတ် ၁၄ ရက် အထိ လူပေါင်း ၂၈၃ ဦး သေဆုံးခဲ့ပြီး အခြား ၃၀၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် မိုးနှင့်ဆက်စပ်သော သဘာဝဖြစ်စဉ်များကြောင့် လူ ၃၃ ဦးလည်း ပျောက်ဆုံးလျက်ရှိသည်။သဘာဝဘေးဒုက္ခကြောင့် လမ်းမကြီးပေါင်း ၈၅၇ခုပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။

ဆင်ဟွာ