ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်း သေဆုံးပြီး အခြားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် တမီးလ်နာဒူပြည်နယ် ချန်နိုင်မြို့တော်၏အနောက်တောင်ဘက် ကီလိုမီတာ ၅၄၀ ခန့်အကွာ ဗီရုဒ်ဟွန်နာဂါခရိုင် စီဗာကာစီဒေသအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


