ဩဂုတ် ၁၅

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် လူ ၅၀ ကျော်သေဆုံးခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်တွင် ပြီးခဲ့သည့်ပိတ်ရက်က  မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ ဘုရားကျောင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူတစ်ချို့ သေဆုံးခဲ့သည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြထားသည်။

မြေပြိုမှုကြောင့် ပျက်စီးခဲ့သော အဆောက်အအုံများနှင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများအားကယ်ဆယ်ရန် ကျောက်တုံးကြီးများနှင့် အပျက်အစီးများဖယ်ရှားရန် လုပ်ဆောင်နေကြပုံကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

 အိန္ဒိယနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မုတ်သုံမိုးများရွာသွန်းမှုကြောင့် လူအများအပြားသေဆုံးပြီး အပျက်အစီးများပြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိအာဏာပိုင်များက မိုးနှင့်ဆက်စပ်သည့်သဘာဝဘေးအန္တရာယ်များနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းတို့ အတွက်  သတိဖြင့်နေထိုင်ကြရန် နိုင်ငံသားများအား တိုက်တွန်းပြောကြားထားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို