ဩဂုတ် ၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာခန်ပြည်နယ်တွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးထက်မနည်းပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ဉတ္တရာခန်ပြည်နယ်မြို့တော် ဒက်ရာဒန်၏ အရှေ့မြောက်ဘက် ၂၄၅ ကီလိုမီတာအကွာ ဂါရစ်အန်အနီးတွင် ယမန်နေ့ညပိုင်းက ဈေးဆိုင်များ မျောပါသွားသည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ထိုဒေသအနီးတွင် လွန်ခဲ့သောညက မိုးသည်းထန်စွာရွာသွန်းပြီး ကျောက်တုံးများလိမ့်ကျမှုကြောင့် ဈေးဆိုင်သုံးဆိုင် ထိခိုက်မိခဲ့သည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရေဘေးသင့်ဒေသများသို့ ၎င်းတို့အဖွဲ့သွားရောက်ခဲ့သည်ဟု ပြောကြားသည်။
ထိုဒေသသို့ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိပြီးနောက် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ထိုဒေသရှိတောင်စောင်းပေါ်မှ ကျောက်တုံးများလိမ့်ကျခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


