အိုင်အက်စ်အက်စ်ကိုသွားမည့် အာကာသယာဉ်မှူးများ ကနေဒီအာကာသစင်တာသို့ရောက်ရှိလာ

တိုကျို ဩဂုတ် ၂၁

နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) ထံသွားမည့် နောက်ထပ်အာကာသယာဉ်မှူးများသည် အာကာသယာဉ်လွှတ်တင်မည့် အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသ စင်တာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဂျပန်အာကာသယာဉ်မှူး ဖူရူကာဝါဆာတိုရှိသည် အမေရိကန်၊ ဒိန်းမတ်နှင့် ရုရှားနိုင်ငံတို့မှ အာကာသ ယာဉ်မှူးများနှင့်အတူ ဩဂုတ် ၂၀ ရက် က အဆိုပါစင်တာသို့ ရောက်ရှိလာသည်။ အဆိုပါ အာကာသ ယာဉ်မှူးများဖြင့် ပုဂ္ဂလိကပိုင် ရူးဒရက်ဂွန် အာကာသယာဉ်ဖြင့် ဩဂုတ် ၂၅ ရက် နံနက် ၃ နာရီ ၄၉ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ် ထားသည်။

ဖူရူကာဝါသည် အာကာသစခန်းတွင် ခြောက်လခန့်နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။၎င်း၏ တွဲဖက်အာကာသယာဉ်မှူးများနှင့် အတူအာကာသဝတ်စုံအစမ်းဝတ်လေ့ကျင့်မှုအပါအဝင် အမျိုးမျိုး သောနောက်ဆုံးပြင်ဆင်မှုများကို နောက်ငါးရက်အတွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖူကာဝါက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် ဂျပန်အာကာသယာဉ်မှူး ဝါကာတာ ကိုအီချိထံမှ တာဝန်များကို လက်ဆင့်ကမ်း ယူပြီး နိုင်ငံတကာအာကာသစခန်းတွင် တာဝန်များ ကို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။ ယိုကို ဟားမားဖာတိဖြစ်သည့် အသက် ၅၉ နှစ်အရွယ် ဖူရူကာဝါသည် ၂၀၁၁ ခုနှစ်တွင် ရုရှား ဆိုယုဇ် အာကာသယာဉ်ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

အင်န်အိတ်ချ်ကေ