ဝါရှင်တန် ဩဂုတ် ၉
အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို နှစ်နိုင်ငံခေါင်းဆောင်များက ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ကြားဝင် စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။
အဇာဘိုင်ဂျန် သမ္မတ အီဟမ်အာလီယက်ဗ်နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုလ်ပါရှင်ယန် တို့သည် ယမန်နေ့က အိမ်ဖြူတော်၌ ငြိမ်းချမ်းရေး သဘောတူညီချက်ကို သမ္မတထရမ့်၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်တွင် အဇာဘိုင်ဂျန်နှင့် ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နက်ခ်ချီဗင်နယ်မြေအား အာမေးနီးယားနိုင်ငံမှတစ်ဆင့် ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုထူထောင်ရန် ပါရှိကြောင်း သိရသည်။
သမ္မတ ထရမ့်အဆိုပြုခဲ့သည့် အဆိုပါလမ်းကြောင်းသည် ပြည်သူများနှင့်ကုန်ပစ္စည်းများကို အခြားနိုင်ငံသို့ မဖြတ်ဘဲ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားပိုင်နက်အတွင်းရှိ နက်ခ်ချီဗင်နယ်မြေအကြား တိုက်ရိုက်သွားလာနိုင်စေမည့် စင်္ကြံတစ်ခုဖြစ်သည်။
အဇာဘိုင်ဂျန် သမ္မတ အီဟမ်အာလီယက်ဗ်က ဒေါ်နယ်ထရမ့်အား ကျေးဇူးတင်စကားပြောကြားပြီး အဆိုပါနေ့ရက်ကို သမိုင်းဝင်နေ့ရက်အဖြစ် ဖော်ပြခဲ့သည်။
အလားတူ အာမေးနီးယားဝန်ကြီးချုပ် နီကိုလ်ပါရှင်ယန်ကလည်း လက်ရှိသဘောတူညီချက်သည် အပြီးတိုင် ငြိမ်းချမ်းရေးရရှိရေးအတွက် ထောက်ပံ့ပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများကိုအဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


