နေပြည်တော် အောက်တိုဘာ ၁၈

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည် အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မကွေးတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မကွေး တက္ကသိုလ်မှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်း အမြစ်က အဓိကကျပြီး လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးစေရန် ပညာရေး မြင့်မားရေးသည် အရေးပါကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့်ကို သင်ရိုးသစ်နှင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သိပ္ပံဘာသာရပ် များဖြစ်သည့် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာ ရပ်များကို လက်တွေ့သင်ခန်းစာများ သင်ကြားရာ တွင် အခက်အခဲတချို့ တွေ့ကြုံနေရသည့်အတွက် တာဝန်ရှိသူများက သင်ထောက်ကူ လက်တွေ့အသုံးချ သင်တန်းနှင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း။

 

 “ပညာရေးသည် နိုင်ငံအရေးဖြစ်သည်” ဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရည်ပြည့်ဝ သော အသိပညာရှင် အတတ်ပညာရှင်များစွာရှိရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲတွင် သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို တက်တက်ကြွကြွ၊ ပြည့်ဝစွာ သင်ယူခြင်းဖြင့် ဆရာ ဆရာမကောင်းတို့၏ အရည်အချင်းများ တိုးတက်လာ မည်ဖြစ်ပြီး မိမိတို့သင်ကြားပို့ချရမည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံမျှသာမက ကျောင်းသားများ ကိုယ်တိုင်သင်ယူခွင့်များ တိုးတက်လာအောင် လေ့ကျင့်ပြုစုပေးနိုင်မှသာ သင်ကြားရေးအောင်မြင် သော ဆရာ ဆရာမများအဖြစ် ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် က သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင် ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် မကွေးတက္ကသိုလ်ရှိ ဘာသာရပ်ကျွမ်းကျင်နည်းပြများ၊ ကထိကများနှင့် ပါမောက္ခများက တိုင်းဒေသကြီးအတွင်းမှ သိပ္ပံဘာသာရပ် အထက်တန်းအဆင့် သင်ကြားနေသော ဆရာ ဆရာမ ၁၄၇၅ ဦးတို့ကို အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ လက်တွေ့သင်ကြား ပြသသွားမည်ဖြစ် ကြောင်း သိရသည်။                   

မောင်ညီညာ