တောင်ဥက္ကလာ ၅ မတ်
တောင်ဥက္ကလာပ မြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဖွယ်ရာများ ရောင်းချသော စာသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များကို အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဥက္ကလာပစေတီတော် မဟာမုနိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်စုလှိုင်သိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးချမ်းသာမှ ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသူများမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နေသူရိန်


