ဇူလိုင် ၁၇
အလက်စကာဒေသရှိ Aleutian ကျွန်းစုများအနီးတွင် ပြင်းအား ၇ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဟာဝိုင်အီရှိ ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဂျပန်မိုးလေဝသအေဂျင်စီကို အကြောင်းကြားခဲ့သည်။
အဆိုပါ ငလျင်သည် ယမန်နေ့ည ဒေသစံတော်ချိန် ၁၂ နာရီ ၃၈ မိနစ်ဝန်းကျင် သို့မဟုတ် ဂျပန်စံတော်ချိန် ယနေ့မနက် ၅ နာရီ ၃၈ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုငလျင်ဗဟိုချက်အနီးတွင် ဆူနာမီဖြစ်နိုင်ချေရှိသည်ဟု ယင်းအေဂျင်စီကဆိုသော်လည်း ဂျပန်နိုင်ငံအပေါ် သက်ရောက်မှုမရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


