ရန်ကုန် နိုဝင်ဘာ ၁၁
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မဏ္ဏိုင် (ပလတ်စတစ်လောင်းလုပ်ငန်း)မှ အာမခံအလုပ်သမား ဦးဇော်လင်းအောင်၏ အလုပ်ခွင်ထိခိုက်မှုကြောင့် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၄၃၂၀၀၀၀ ကို သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးချစ်စံအောင်ထံသို့ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)


