နေပြည်တော် ၂၃ ဧပြီ
စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ် သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျှက်ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ပုံစံဖြင့် ကျား (၅၇၅၂) ဦး၊ မ (၆၈၄၀)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၁၂၅၉၂) ဦး ချုပ်ဆိုခဲ့သည်။
အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက် ခဲ့ရာ မတ်လ အတွင်း လက်ခံရရှိမှု (၇၀) တွင် ကျေအေးမှု (၁၀) မှု၊ ပိတ်သိမ်းမှု(၁၇) မှု နှင့် ငွေကြေးအကျိုးခံစားခွင့် (၄၃) မှု တို့ဖြစ်ပြီး ငွေကြေး အကျိုးခံစားခွင့်ရှိသူ ၄၇၉ ဦး အား ငွေကျပ် ၅၄၉,၃၃၉,၂၂၆ ကိုခံစားခွင့်ရရှိ စေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၁၉၀ဝ၀ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ (၄၈၆) ရုံမှ အလုပ်ရှင်၊အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၀၅) ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခုံသမာဓိအဖွဲ့တွင် ပြီးစီးမှု (၂)မှု နှင့် ခုံသမာဓိကောင်စီတွင် (၃)မှုကိုဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၉ခုနှစ် မတ်လ အတွင်းတရားစွဲဆို ဆောင်ရွက်ပြီးစီးမှု (၁) မှု မှ အလုပ်ရှင်အား ငွေဒဏ် ၅ သိန်း ကျပ် ချမှတ်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ် ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှု အနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀ဝ၀ ခန့် အကျိုးခံစားခွင့်ပေး ခဲ့ပြီး အာမခံအလုပ်သမား ၁၁၄၇ ဦး အတွက်ဆေးဖိုး ကုန်ကျငွေ ကျပ်သိန်း ၁၃၆၀ ကျော် ပြန်လည် ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ မတ်လ အတွင်း အလုပ်သမားဆေးရုံကြီး များ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အနေဖြင့် အ လုပ်သမား ဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၈၃၃၅ ဦး ၊ အတွင်းလူနာ ၅၇၃ ဦး)ပေါင်း ၈၉၀၈ ဦး၊ လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်း(၄)ခန်း နှင့် PPS စနစ်ဖြင့်စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၅)ခန်းတို့မှ ဆေးကု သပေးမှု ၇၂၉၈၄ ဦး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံ မှဆရာဝန်များ ကွင်းဆင်း ဆေးကုသပေးမှု (၄) ကြိမ်မှ ၁၉၂၆ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များကွင်းဆင်းဆေး ကုသမှု (၇၉) ကြိမ်မှ ၁၈၄၇ ဦး တို့အား ဆေးကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


