တာချီလိတ် ၁ မေ 

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများစုပေါင်း၍ ယနေ့နံနက် ၆ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

4+

 

စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်အေမီမီလွင် အပါအဝင် စောင့်ရှောက်ရေးမှူး၊ စုမှူးနှင့် လုပ်သားမှူးများ၊ ရုံးအဖွဲ့နှင့် ကုန်တင်ကုန်ချလုပ်သားကြီးများ စုစုပေါင်း အင်အား ၇၀ တို့က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

 

6+

 

အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုန်တင်ကုန်ချ ကော်မတီရုံးနှင့် လုပ်သားကြီး ၁၆ဦးတို့က စုပေါင်းသွေးလှူဒါန်းရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။

အဆိုပါ မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ဖြိုးလေး(ပြန်/ဆက်)