မင်းဘူး   ၁  မေ

 

လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ပေးအပ်ပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရေနံမြေ စုပေါင်းရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့် အကျိုးခံစားခွင့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 

1

 

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သူ ဦးသူရအောင် (မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် အာမခံအလုပ်သမား) ၏ အကျိုးခံစားခွင့် ငွေကျပ် ၄၈၆၀ဝ၀ဝ ကို ဇနီးဖြစ်သူ ဒေါ်စုစုထက်ထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် ချောက်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် အာမခံအလုပ်သမား ဦးကျော်မျိုးသက်သည် အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် အကျိုးခံစားခွင့် ငွေကျပ် ၅၄၀ဝ၀ဝ၀ ကို ဖခင်ဖြစ်သူ ဦးသန်းဦးထံသို့ လည်းကောင်း၊ ဦးရဲမင်းထွန်း အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် အကျိုးခံစားခွင့် ငွေကျပ် ၄၃၂၀ဝ၀ဝ ကို ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဝါထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်မိုး (ပြန်/ဆက်)

1