ရမည်းသင်း ၂၃ မတ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စံပြသိမ်ကုန်းကျေးရွာ မုဒိတာစာကြည့်တိုက် ကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် တပ်မတော်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စကားပုံဆက် ပြိုင်ပွဲကို မတ် ၂၂ ရက် မွန်လွဲ ၂ နာရီက စံပြသိမ်ကုန်းကျေးရွာ လက်ပန်တော ရပ်ကွက် မုဒိတာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။
ကလေးငယ်များ နွေရာသီ အားလပ်ရက်တွင် စာကြည့်တိုက်တွင် ပျော်မွေ့စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် အလယ်တန်းအဆင် စကားပုံပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား ကျောင်းသူ (၂၁) ဦး ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူးဦးနေလင်းအောင်နှင့် မုဒိတာ စာကြည့်တိုက်ကော်မတီတို့မှ ဆုများချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို မှတ်ဉာဏ်စွမ်းရည်မြှင့်မားစေရန် ပုံပြင်အလှည့်ကျဖတ်၍ မှတ်သားမိသမျှ ပြန်လည်ပြောဆို မျှဝေခြင်း၊ ဖတ်၊ မှတ်၊ စွမ်းရည်ကောင်းသူများကို ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)


