အမာ ၇ မတ်


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အမာမြို့ လူမှုဝန်ထမ်းဦးစီးဌာန အမာမူလတန်းကြို ကျောင်းဆရာမကြီး ဒေါ်နွယ်နီနှင့် အမာမီးသတ်စခန်းမီးသတ်ဦးစီးမှူး ဖြိုးကိုကိုဦးတို့ ပူးပေါင်းပြီး မူကြိုကလေးငယ်များနှင့် ဆရာမများ မီးဘေးအရေးပေါ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်နိုင်စေရန် ယနေ့ နံနက် ၉ နာရီခွဲက မူလတန်းကြိုကျောင်းရှေ့တွင် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခဲ့ကြောင်း သိရသည်။

 

1


အဆိုပါ မီးငြှိမ်းသရုပ်ပြသရာတွင် မီးသတ်ဦးစီးမှူးဦးဖြိုးကိုကိုဦးမှ ကလေးငယ်များနှင့် ဆရာမများအား မီးဘေးအရေးပေါ် ဖြစ်ပေါ်လာပါက စတင်လောင်ကျွမ်းသော မီးအမျိုးအစားအရ မီးကိုငြှိမ်းသတ်နိုင်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပြီး မီးကိုအခြေမှ ဖြတ်ငြှိမ်းသတ်ရမည့်အကြောင်း၊ ဆီဒယ်အိုးမှတစ်ဆင့် မီးလောင်လျှင် ရေဆွတ်ထားသည့် အဝတ်စဖြင့် မီးငြှိမ်းသတ်ပုံများရှင်းပြပြီး မီးသတ်ဦးစီးဌာန မီးသတ်ရဲဘော်များမှ လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြခဲ့သည်။


ထို့နောက် မူကြိုကျောင်းဆရာမများ ကိုယ်တိုင် လက်တွေ့မီးငြှိမ်းသတ်ခဲ့ပြီး မူကြိုကလေးငယ်များအား မီးငြှိမ်းသတ်နည်းများ လက်တွေ့သိရှိစေရန် ဆရာမများနှင့် မီးသတ်ရဲဘော်များအတူတွဲ၍ မီးငြှိမ်းသတ် စေခဲ့ကြောင်း သိရသည်။


ဝင်းမြင့်အောင်(ပြန်/ဆက်)

 

1