နေပြည်တော် ၂၆  ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနမှ Additional Secretary Mr. SanjeevaKumar နှင့်အဖွဲ့အား ယမန်နေ့ နံနက် (၁၀) နာရီ တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် စက်တင်ဘာလ၌ နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံမှု အတွင်း လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံအကြားကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းအလုပ်အမှုဆောင် အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးအဖြစ် ကျန်းမာရေးကဏ္ဍတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)