၅ ဖေဖော်ဝါရီ

 

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို နှင့်  အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) ညွှန်ကြားရေးမှူးချုပ် တို့သည် ယမန်နေ့က အီရန်နိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

၎င်းတို့နှစ်ဦးသည် အီရန်နိုင်ငံရှိ အိုင်အေအီးအေ ၏ စောင့်ကြည့်လေ့လာရေးလုပ်ငန်း၊ နျူကလီးယားလုံခြုံရေးနှင့် အမေရိကန်လုံခြုံရေးအကျိုးစီးပွားအတွက် အိုင်အေအီးအေ၏ အရေးပါပုံတို့ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းကို ဝါရှင်တန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယင်းသို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

 

၂၀၁၈ အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ် ထွက်ခွာခဲ့ပြီးနောက် ဝါရှင်တန်သည် တီဟီရန်အပေါ် ပိတ်ဆို့မှုများစွာ ချမှတ်ကာ ဖိအားပေးလုပ်ဆောင်နေခဲ့သည်။

 

အီရန်နိုင်ငံသည် ဇန်နဝါရီလအစောပိုင်းတွင် ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်အတွက် ကတိကဝတ်များ အဆုံးသတ်ရန် နောက်ဆုံးအဆင့်နှင့်ပဉ္စမအကြိမ်မြောက် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း အိုင်အေအီးအေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို