ဖေဖော်ဝါရီ ၂၀

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် မမ်ဖစ်မြို့တွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါပစ်ခတ်မှုများသည် နိုက်ကလပ်တစ်ခုနှင့် ၎င်းအနီးနားတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုများသည် ဆက်စပ်မှုရှိသည်ဟု ယူဆရကြောင်း မမ်ဖစ်ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့က ထိုပစ်ခတ်မှုနှင့်ပတ်သက်သည့် သံသယရှိသူများကို ဖော်ပြခြင်းမရှိခဲ့ပေ။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

ထိုပစ်ခတ်မှုသည် မစ်စ္စစပီမြို့၌ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လူခြောက်ဦးသေဆုံးပြီး နှစ်ရက်မျှအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း ယမန်နေ့ကအထိ သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်မှုကြောင့် လူပေါင်း ၅၈၀၀ နီးပါးသေဆုံးခဲ့ကြောင်း အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာမှတ်တမ်းဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို