၂၀ စက်တင်ဘာ
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီတွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံး၌ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားဒဏ်ရာ ရရှိသူများမှာ ယင်းဒေသရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေကြောင်း ရဲအရာရှိတစ်ဦး ပြောကြားချက်အရ သိရသည်။
အိမ်ဖြူတော်မှ သုံးကီလိုမီတာအကွာရှိ ကိုလံဘီယာဟိုက် ရပ်ကွက်တွင် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်က ၎င်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


