နေပြည်တော် ၆ မေ 

 

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ဖွင့်လှစ်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ၊ ရှားပါးစာအုပ်ပြပွဲနှင့် အမှတ်တရ ဈေးရောင်းပွဲတော်ကို မေ ၁၀ ရက်တွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပွဲတော်ကို မေ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ စာပေဟောပြောပွဲတွင် ဆရာမ မစန္ဒာ၊ ဆရာနေဝင်းမြင့် နှင့် ဆရာမ ခင်ခင်ထူး တို့က ဟောပြောမည်ဖြစ်ပြီး အထူးအစီအစဉ်အဖြစ် မြန်မာ့ရိုးရာရုပ်သေးကပွဲ ပါဝင်မည် ဖြစ်သည့်အတွက် စိတ်ပါဝင်စားသောဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

မောင်လူမော်