ရန်ကုန် ၂၄ ဧပြီ
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း အမှတ်(၆၀၄/၆၀၈)ရှိ အဆောက်အဦအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လတာ ကာလအတွင်း ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များနှင့်စပ်လျဉ်း၍ ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ အဆောက်အဦ၌တာဝန်ရှိသူများက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ရှေးဦးစွာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မြင့်က နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအခြေအနေအရ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ စာကြည့်တိုက်လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဖြည့်စွက် ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားကာ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
(သတင်းစဉ်)


