နေပြည်တော် ၂၉ ဧပြီ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွာ (ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်-၁၂)၏မိတ်ဆွေ (၉)ဦးနှင့် မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့မိ၊ မြို့ဖများနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပါဝင်သည့် (၁၁)ဦးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာကြသည်။ 

 

v2

 

ထို့အတူ မွန်လွဲပိုင်းတွင် ဆရာတော်ဦးသော ဘဏဦးဆောင်သည့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြောက်တောရွာ အင်္ဂလိပ်စကားပြောသင်တန်းမှ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၈၈)ဦးတို့သည် အမျိုးသားလွှတ်တော် အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

v3

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၈၅၃၄) ဦးနှင့် ပြည်ပဧည့်သည် (၂၁၄၃) ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)