နေပြည်တော် ၁ ဒီဇင်ဘာ

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ တစ်ရက်အတွင်း သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁ စီးအား ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

အမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ နိုဝင်ဘာ ၂၉ ရက် ညနေ ၆ နာရီမှ ၃၀ ရက် ညနေ ၅ နာရီအထိ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး စုစုပေါင်း ၂၁ စီးအား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်သည်။

 

MDN