နေပြည်တော် ဖေဖော်ဝါရီ ၂
ဖေဖော်ဝါရီ (၂) ရက်၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၅၂) မိနစ်တွင် နေပြည်တော် မြေငလျင်စခန်းမှ မြောက်ဘက် (၅၄) မိုင်ခန့် ကွာဝေးသော ပျော်ဘွယ်မြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ၌ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၀ ဒသမ ၅၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၀၉)ဒီဂရီ၊ အနက် နှစ် ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
Credit> မိုးဇလ


