၂၅ ဇွန်လ

ယနေ့ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၅)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၃.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၆၃)မိုင် ခန့်ကွာဝေးသော၊ မြန်မာ နိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၄) ဒီဂရီ၊ အနက် (၆၆) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း သိရသည်။