ဖလမ်း ၁၆ ဧပြီ

 

ယနေ့  မြန်မာစံတော်ချိန် ၁၈ နာရီ ၁၅ မိနစ် တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄) မိုင်ခန့် အကွာတွင် အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၂ ဒသမ ၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၀၁) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒသမ ၁) အဆင့်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN