၁၈ ဇွန်

ယနေ့ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၂၉)မိနစ်၊ (၁၈)စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၈၈)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (ဂန့်ဂေါမြို့၏ အရှေ့မြောက်ဘက် (၃၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၃၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၀) ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်းသိရသည်။