ရေနံချောင်း ၆ မေ 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၁၉ ခုနှစ် လူရည်ချွန် မောင်/မယ် သုံးဦးသည် အင်းလေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ဒေသန္တရဗဟုသုများ သွားရောက်လေ့လာပြီး ယနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့သို့ ပြန်လည်ရောက်ရှိရာ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို အ.ထ.က(၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

 

7314

 

ကြိုဆိုပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက အ.ထ.က(၁)ကျောင်းရှေ့တွင် နဝမတန်းမှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်မောင်သွင်၊ မခင်ရတီသွင်နှင့် အဋ္ဌမတန်းမှ လူရည်ချွန် မောင်ထူးဝင့်အောင်တို့အား စံပယ်ပန်းကုံးများ၊ သပြေပန်းများဖြင့် လှိုက်လဲစွာ ကြိုဆိုကြသည်။

 

7337

 

ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင် ဦးမြမောင်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စောသန်းတို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ကြသည်။ ယင်းနောက် အဋ္ဌမတန်းမှ လူရည်ချွန် မောင်ထူးဝင့်အောင်က ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။

ရေနံချောင်းမြို့မှ ၁၉၈၁-၈၂ နှစ်ထပ်ကွမ်းလူရည်ချွန်ဟောင်း ဒေါက်တာမျိုးအောင်(စင်ကာပူ)က လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်းနှင့်အတူ နောင်နှစ်များမှာလည်း မြို့ဂုဏ်၊ ကျောင်းဂုဏ်၊ မိဘဆရာသမားတို့၏ ဂုဏ်ဆောင်လူရည်ချွန် ကျောင်သား ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကြိုဆိုဂုဏ်ပြုပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း နဝမတန်းမှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်မောင်သွင်၊ မခင်ရတီသွင်နှင့် အဋ္ဌမတန်းမှ လူရည်ချွန် မောင်ထူးဝင့်အောင်တို့သည် နိ်ုင်ငံတော်အစီအစဉ်ဖြင့် အင်းလေးနှင့် ပုဂံလူရည်ချွန် အပန်းဖြေစခန်းမှ ဒေသန္တရဗဟုသုတများကို ဧပြီ ၂၇ ရက်မှ မေ ၅ ရက်အထိ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး