နေပြည်တော် ၂၁ မတ် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းသစ်တောသုတေသနဌာန စုဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

_DSC4

 

အခမ်းအနားတွင် ကျောင်းသူ/ ကျောင်းသား လေးများကEducation Learn To Love Forests နှင့်ပတ်သက်၍ သရုပ်ဖော်တင်ဆက်ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဂုဏ်ပြုစကားပြောကြားရာတွင် ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်သးလဲမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့လျှက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်း ကျင်ဆိုင်ရာပြဿနာများ၏ အဓိကအကြောင်းအရင်းက သစ်တောများပြုန်းတီးမှု၊ သစ်တောအတန်းအစား ကျဆင်းမှုအပါအဝင်အရင်းအမြစ်အမျိုးမျိုး၊ လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှထုတ်လွှတ်လိုက်သောဖန်လုံအိမ် ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာခြင်းဖြစ်ကြောင်း စသည့်အကြောင်းအရာ များနှင့် သစ်တောများမှအထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ၏ အရေးပါပုံကို ပြုသူလူထုအားလုံးသိရှိနားလည်စေရန် ရည်ရွယ်ပြီးကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာသစ် တောများနေ့အထိမ်းအမှတ်း Video Clip ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်ပြသထားသော ပိုစတာများနှင့် ကလေးငယ်များ ဆေးရောင်ခြယ်ထားသော ပန်းချီများအား လှည့်လည်ကြည့်ရှုခဲ့သည်။ 

 

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့် သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။  

 

ထွန်းလင်း(ပြန်/ဆက်)

 

_DSC4