နေပြည်တော် ၂၉ ဧပြီ
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၈၉) (၉၀)(၉၁)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၁၇၁)(၁၇၂)(၁၇၃) (၁၇၄) တို့ကို ဧပြီ (၂၉)ရက် နံနက်(၈)နာရီတွင် ရတနာသိင်္ဃခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပါမောက္ခချုပ် ဦးအောင်တင်စိုး က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၈၉)(၉၀)(၉၁)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၁၇၁) (၁၇၂)(၁၇၃) (၁၇၄) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား(၁၇၉)ဦး၊ သင်တန်းသူ(၂၄၄)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား (၁၆၈)ဦး၊ သင်တန်းသူ(၃၀၄)ဦး စုစုပေါင်း(၈၉၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄)ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


