နေပြည်တော် ၃ မေ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန သည် ASEAN Work Plan on Sports 2016-2020 Mid-Term Validation Workshop အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ် ဧရာဝတီခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၇ မှ ၉ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
မောင်လူမော်


