မိုးနဲ   ၅  မတ်         

   
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၏ စီစဉ်မှုဖြင့် အထည်ပန်းရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဖွင့်ပွဲ အခမ်းအနားကို လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဝိဇ္ဇာရိယဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တမာဃိန္ဒထံမှ သြဝါဒ ခံယူခဲ့ကြသည်။ 


ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) ဦးစိုင်းမွန်းလိန် နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် တို့က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှူး ဦးသက်နိုင်ဦးက ဌာနလုပ်ငန်းနှင့် သင်တန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည် ။


အဆိုပါ သင်တန်းကို အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်၊ ဒေသတွင်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား ချစ်ခင်မြတ်နိုးပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည် ဖော်ထုတ်နိုင်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ကျွမ်းကျင်သင်တန်းနည်းပြ နှစ်ဦးတို့က သင်တန်းသူ သင်တန်းသား ၂၅ ဦးအား ၁၅ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
                                                                                                              

မျိုးညွန့်ရွှေ (မိုးနဲ)

 

123