ပခုက္ကူ  ၄ မေ 

 

ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြသည်။

 

 

1

 

ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ကြီးကြပ် ဆရာ ဆရာမ ၁၈ ဦးနှင့်အတူ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းမှ ထွက်ခွာ၍ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရားနှင့် ရွှေမုဋ္ဌော စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

 

1

 

ယင်းနောက် ရေစကြိုမြို့ ပုခန်းကြီးမြို့ဟောင်းရှိ စည်သူရှင်သရက္ခန်ဘုရားနှင့် ကျောင်းတော်ကြီးတို့သို့ သွားရောက်လေ့လာဖူးမြော်ကြပြီး မွန်းလွဲပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ပြန်လည်ရောက်ရှိကြသည်။

 

သတင်း-ကိုမင်း၊ ဓာတ်ပုံ-မင်းမင်း

 

1