အုတ်တွင်း နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (ထန်းကုန်း)ကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်လွင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက “လူငယ်နှင့်ပညာရေး”၊ “လူငယ် နှင့်စာရိတ္တ”၊ “လူငယ်နှင့်မူးယစ်ဆေး"၊“လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး”၊ “လူငယ်နှင့် ကျန်းမာရေး”၊ “လူငယ်နှင့်နည်းပညာ” ၊ “လူငယ်နှင့် စာဖတ်ခြင်း”စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


