ဘားအံ ၂၆ ဧပြီ

 

ဘားအံမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေများ လုံလောက်စွာ ရရှိစေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ရေပေးဝေလျက်ရှိရာ ဧပြီလ ၂၅ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် အမှတ်(၂)ရပ်ကွက် စေတနာလမ်းနေပြည်သူများအား သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရေတွင်းရေကန်များ ရေနည်းသွားလေ့ရှိရာ သောက်သုံးရေ လုံလောက်စွာ သုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ရေသယ်ကားတစ်စီးဖြင့် သွားရောက် ပို့ဆောင် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍လည်း မြို့ပေါ်ရှိ အခြားရပ်ကွက်များကိုပါ ရေပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)