ဘားအံ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဘားအံတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံ၌ ဇန်နဝါရီ ၁၂ ရက်က ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီ အားကစားပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ အသင်း ၁၀ သင်းနှင့် အားကစားသမား စုစုပေါင်း ၁၃၁ ဦးဖြင့် ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


