ဘားအံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့က ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံအမျိုးသားအဖွဲ့ငါးဖွဲ့၊ အားကစားသမား စုစုပေါင်း ၂၅ ဦးဖြင့် ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


