ဘောဂလိ ၁၈ မတ်
ကရင်ပြည်နယ် ဘောဂလိမြို့နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ညပိုင်းက ပကူးဘာသာစကားဖြင့် ကျမ်းစာရွတ်ပြိုင်ပွဲပြုလုပ်ခဲ့သည်။
အဆိုပါကျမ်းစာရွတ်ပြိုင်ပွဲတွင် နွေရာသ ကရင်စာပေသင်တန်းတက်ရောက်သော ကျောင်းသားကျောင်းသူများ အတန်းလိုက်ခွဲ၍ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်း ဘောဂလိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


