ရန်ကုန် ၈ မတ် 
    

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံ(အထူး)သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နဝရတ်ခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးက သင်တန်းကာလအတွင်း သက်ဆိုင်ရာဦးစီးဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက ဦးစီးဌာနများ၏ ဖွဲ့စည်းပုံလုပ်ငန်းတာဝန်များ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ စီမံချက်များ၊ ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းခွင်အသုံးချပညာရပ်များအား သင်ကြားပို့ချခဲ့ပြီးဖြစ်သည့်အတွက် လက်ထောက်ဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန်များအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာများတွင် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး ပြည်သူများ၏ ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရေး၊ နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာရေးစောင့်ရှောက်မှု၊ လွှမ်းခြုံမှု Universal Health Coverage(UHC)ကို အကောင်အထည်ဖော်ရာတွင် မိမိတို့တာဝန်ကျရာကဏ္ဍမှ အပြည့်အဝပါဝင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ပြောကြားသည်။
    

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၅၈၆)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၄ ရက်မှ မတ် ၈ ရက်ထိ ကြာမြင့်ကြောင်း သိရသည်။


(သတင်းစဉ်)